Loading...
This group was abandoned by its founder and is avaliable to claim for ownership for as low as $1.95 per month. Claim it before someone else does!
Description: တစ်ယောက်တည်း ကြိတ်ရယ်နေမှာလား... သူငယ်ချင်းတေ...
Founded in: April 2010
Number of Members: 467
Monthly pageviews: 24733
Potentional Monthly Revenue: $11.59
(Estimation based on traffic and internal)
Create a New Group
Aug 01

ဇာတ်လမ်း

Sun 01 Aug 2010 02:18:41 | 0 comments




ညနေစာစားနေခိုက်တွင် ကောင်မလေးကကောင်ကလေးကို လမ်းခွဲဖို့ပြောဆိုခဲ့တယ်။ လမ်းခွဲဖို့ပြောဆိုလာတဲ့ ကောင်မလေးကို ကောင်လေးဘာမှပြန်မပြောနိုင်လောက်အောင် ဆွံ့အသွားခဲ့ရတယ်။ သူငယ်ချင်းအဖြစ်ပြန်နေဖို့တောင်းဆိုတာကိုလည်း ကောင်လေးလက်ခံခဲ့တယ်။
ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ ချစ်သူရည်းစားအဖြစ် နောက်ဆုံးညနေစာကို စားခဲ့ကြတယ်။
ကောင်လေးကတော့ သူငယ်ချင်းအနေနဲ့ ကောင်မလေးဆီနေ့တိုင်းဖုန်းဆက်တယ်။ နေကောင်းလား၊ စားပြီးပြီလား၊ အဆင်ပြေရဲ့လားနဲ့ ကောင်လေးရဲ့ ဂရုစိုက်မှုတွေကို ကောင်မလေးက နားမလည်ဘူး။
တရက်…. ကောင်လေးဖုန်းဆက်လာတာကို ကောင်မလေးက စိတ်ဆိုးစွာနဲ့ သူတို့နှစ်ယောက်ကြားမှာ ဘာမှပတ်သက်မှုမရှိတော့ဘူး နောက်ဘယ်တော့မှ မဆက်လာနဲ့ ဆိုပြီး ပြောလိုက်တယ်။ ကောင်လေးလဲ ဒီလိုဖြစ်သွားတာကို သူအရမ်းစိတ်မကောင်းဖြစ်ပြီး ကောင်မလေး စိတ်ချမ်းသာရင်ပြီးတာပါပဲ ဆိုပြီး တောင်းပန်ပြီး ဖုန်းကိုချခဲ့တယ်။
ဒီလိုအော်လိုက်ရတာဟာ ကောင်မလေးက သူ့ရဲ့ ရည်းစားသစ်နဲ့ အဆင်မပြေဖြစ်နေလို့ပါ။ ကောင်လေးကတော့ ကောင်မလေးရဲ့ စိတ်ဆိုးရာထွက်ပေါက်ဖြစ်သွားတာပေါ့။
ရက်အနည်းငယ်ကြာတော့ ကောင်မလေးက ဖုန်းကိုမျှော်နေတယ်။ ဆက်နေကြ မဆက်လာတော့ တစ်ခုခုကိုခံစားနေရတယ်။ ကောင်လေးရဲ့ ဂရုစိုက်မှုကို သူမ လိုလားတယ်။ သူမ ဒီလိုပြောလိုက်လို့ ကောင်လေး တကယ်မဆက်လာတော့ဘူးဆိုတာကို သူမလုံးဝမထင်ထားဘူးလေ။ ကောင်မလေး ထပ်စောင့်ပြန်တယ်။
နောက်ဆုံး သူမ မစောင့်နိုင်တော့ပဲ ကောင်လေးဆီ ဖုန်းဆက်တော့ ဖုန်းက ဆက်လို့မရတဲ့အပြင် သုံးစွဲမှုကိုရပ်ဆိုင်းထားကြောင်းကို ပြောတယ်။
ကောင်လေး အလုပ်လုပ်တဲ့ ကုမ္ပဏီကိုသွားပြန်တော့ ကောင်လေးအလုပ်ထွက်သွားကြောင်းကို သိလိုက်ရတယ်။
ကောင်မလေးရဲ့ စိတ်မှာ ကောင်လေးကို အရမ်းတွေ့ချင်လာတယ်။ သူမ ရှာတယ်။ ဒီလိုနဲ့ သူတို့တွေသွားခဲ့တဲ့ အမှတ်တရနေရာတွေ သူငယ်ချင်းနေရာတွေ သူ လိုက်ရှာတယ်။ အချိန်တွေသာကုန်သွားတယ် ကောင်လေးရဲ့ သတင်းအစအနကို မရခဲ့ဘူး။
နောက်ဆုံးကောင်လေးအိမ်ကို သွားခဲ့တယ်။ ကောင်လေးအိမ်က နိုင်ငံခြားသွားလိုက်ကြောင်းပြောတယ်။ ကောင်လေး နိုင်ငံခြားသွားစရာ ဘာအကြောင်းမှ မရှိတာကို ကောင်မလေးသိတော့ သူမ ပိုပြီး စိတ်ထွေလာတယ်။ ပိုပြီး တွေ့ချင်လာတယ်။ သူမ စိတ်ပျက်စွာနဲ့ အိမ်ပြန်ခဲ့ရာ စာတစ်စောင်ရောက်နေတာကို တွေ့လိုက်တယ်….
စာက ကောင်လေးဆီကဖြစ်နေတယ်။
ကောင်မလေး က ကောင်လေး အဝေးတစ်နေရာမှာရောက်နေတယ်ဆိုတာသိလိုက်ရတော့ စိတ်အေးသွားတယ်။ စာမှာက ကောင်လေးလိပ်စာမပါပဲ တစ်ယောက်ယောက်ကနေ ကိုယ်စားလာပို့ပေးထားပုံရတယ်။
ကောင်မလေးရဲ့မျှော်လင့်ချက်တွေ အားလုံးဟာ အိမ်ရှေ့ကိုရောက်နေမဲ့ ကောင်လေးရဲ့စာတွေပဲဖြစ်တယ်။
ကောင်လေးဆီကစာတွေကို သူမ အချိန်မှန်ရတယ်။ သူမမွေးနေ့ ၊ ချစ်သူများနေ့တွေဆိုရင်တော့ စာအပြင် လက်ဆောင်၊ ပန်းစည်းတွေနဲ့….
ကောင်လေးအနားမှာမရှိရင်တောင်ဒီလိုနဲ့တင်ကောင်မလေးကျေနပ်ခဲ့တယ်
ဒါပေမဲ့…
ကောင်လေးဆီက စာတွေကို ရက်အတော်ကြာမှာ ကောင်မလေး မရတော့ စိုးရိမ်လာပြန်တယ်။ ကောင်လေး အလုပ်ရှုပ်လို့ မပို့နိုင်ဘူးလို့ပဲ သူမ တွေးလိုက်တယ်။
ကောင်လေးဆီက စာကို သူမ ရရှိနေတာ ၂ နှစ်ရှိသွားတော့ မရတဲ့အချိန်မှာ ကောင်မလေးက အတောင်ကျိုးတဲ့ ငှက်တစ်ကောင်လိုဖြစ်သွားတယ်။
ကောင်လေး သူ့အနားကနေ အငွေ့ပြန်သွားသလား ဘယ်မှာရောက်နေပြန်တာလဲ ဆိုပြီး သူမလိုက်ရှာပြန်တယ်။
ကုမ္ပဏီကို သွားမေးတော့ ဖုန်းနံပါတ်တစ်လုံးကို သူမရလာတယ်။ ဒီဖုန်းနံပါတ်လေးဟာကောင်မလေးရဲ့ မျှော်လင့်ချက်ပေါ့။
ဖုန်းဆက်လိုက်တဲ့အခါမှာ ကောင်လေးအသံ မဟုတ်ပဲ ကောင်မလေးကို သိနေတဲ့ လူတစ်ယောက်ဖြစ်နေတယ်။  ကောင်မလေးကို တွေ့ဖို့ ချိန်းလိုက်တယ်။
ကောင်လေးရဲ့ညီလေးဖြစ်နေတယ်။ ကောင်လေးရှိရာကို ပြောပြမယ်ထင်နေတဲ့ ကောင်မလေးအရမ်းပျော်သွားတယ်။
ချိန်းထားတဲ့နေရာရောက်တော့ ကောင်လေးညီက ကောင်မလေးကိုဘာမှမပြောဘဲ စာတစ်စောင်ကိုထုတ်ပေးတယ်။
ကောင်မလေးက ကောင်လေးညီက သူ့ဆီ စာလာပို့ပေးနေတာကို သူမသိသွားတယ်။
ကောင်မလေးစာကိုအလျင်စလိုဖွင့်ဖတ်လိုက်တယ်။
``အချစ်ဆုံး အဆင်ပြေရဲ့လား အေးလာပြီနော် ကျန်းမာရေးလဲဂရုစိုက်အုန်း စိတ်မချလို့ပါ။ ကို လေ ချစ်ဆုံးလေးလိုအပ်တဲ့အချိန်တိုင်းမှာ ကို ရှိနေချင်တယ်။ အခုတော့ ကို အဝေးတစ်နေရာကိုရောက်နေပါပြီ။ ဒီစာလေးတွေကို ကိုယ်စားနေခိုင်းနေရပေမဲ့လေ ဒါဟာနောက်ဆုံးစာပါ။ ဒီနည်းနဲ့လဲနေခွင့်မရရှိတော့ပါဘူး။ အမြဲတမ်းကို ပျော်ရွှင်စေချင်တာပါ။ ကို ဖြစ်ပျက်နေတာကို ချစ်ဆုံးတွေ့ပြီး ၀မ်းနည်းမှာကို မလိုလားဘူး။
ချစ်ဆုံးဆီ စာပို့ တာ ဒီတစောင်အပါဆိုရင် ၂၀၀ ရှိပြီ။ ဆေးရုံမှာနေခဲ့တဲ့ ၃လအတောအတွင်းမှာကိုမပျက်မကွက် နေ့တိုင်း စာတွေကို အစွမ်းကုန်ရေးတယ်။
ကို့ညီကို အကူအညီတောင်ခဲ့ပြီး ဒီစာတွေကိုပို့ခိုင်းခဲ့တယ်။ ဒီ ၂ နှစ်ဆိုတဲ့ အတိုင်းအတာအလိုက်နင်လဲ ငါ့အပေါ်မှာ သံယောဇဉ်ကုန်လောက်ပြီထင်တယ်။
ကို စာမရေးပေးနိုင်တော့ဘူးနော်။ နာကျင်မှုတွေကို ပေးမိခဲ့မယ်ဆိုရင်တောင် ကို မနှစ်သိမ့်နိုင်တော့ဘူး။
ကို မင်းကို သိပ်ချစ်တယ်။ တသက်လုံး အနားမှာရှိချင်တယ်။ သူငယ်ချင်းအနေနဲ့ပဲဖြစ်ဖြစ်…ပါ။ ကို့ကိုလမ်းခွဲခဲ့တာ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ကို ဘာလုပ်ရမှန်းသိမှာတောင်မဟုတ်ဘူး
ကို့ရဲ့အချစ်ခရီးလမ်းဟာတိုတောင်းပေမဲ့ ကို အရမ်းပျော်ရွှင်မြတ်နိုးခဲ့ပါတယ်။ တန်ဖိုးထားတယ်။ အတိတ်ကိုပြန်သွားနိုင်ခဲ့ရင် မင်းကို ငါမချစ်ချင်ဘူး။ အတိတ်ကို မသွားနိုင်ဘူး။ ငါမင်းကို နာကျင်စေခဲ့ပြီ။
ကို မရှိတော့ဘူးဆိုပေမဲ့ ကို မချစ်တော့တာမဟုတ်ပါဘူး။ ကို မျက်ဝန်းထောင့်ကနေ စီးကျလာတဲ့ မျက်ရည်တွေက မင်းကို စိတ်မချဘူးဖြစ်နေတယ်။
စိတ်ချရအောင်လို့ ချစ်ဆုံး မငိုပါနဲ့။ ကို့ ကို မေ့လိုက်ပါတော့။
မင်းကိုချစ်တဲ့
စာလေးကို ကောင်မလေး သူ့ရင်ခွင်မှာပိုက်ပြီး ဘယ်လိုခံစားရမှန်းမသိလိုက်အောင်ကို အသံမထွက်နိုင်အောင်ကောင်မလေးငိုကြွေးလိုက်တာဟာ……
                                                                              
novemberpearl
  • SHARE

Comments




or
CAPTCHA Images