Loading...
This group was abandoned by its founder and is avaliable to claim for ownership for as low as $1.95 per month. Claim it before someone else does!
Description: ပုသိမ်သူ ပုသိမ်သားတွေ အတွက်သာမက ပဲ အွန်လို...
Founded in: August 2009
Number of Members: 57
Monthly pageviews: 256
Potentional Monthly Revenue: $20.29
(Estimation based on traffic and internal)
Create a New Group

သတင်းများ > စီးပွားရေး > အောင်ဘာလေထီ အွန်လိုင်းမှပြန်လည်ကံစမ်းနိုင်ပြီ

မောင်ကျူးငယ် 3 years ago
ActivityRank: 0
အောင်ဘာလေထီ အွန်လိုင်းမှပြန်လည်ကံစမ်းနိုင်ပြီ အောင်ဘာလေကျပ်သိန်းတစ်ထောင်ဆု ထီလက်မှတ်များကို ယခုလ (၂၀) ရက်နေ့မှစ၍ ထီတစ်စောင်ကို (၂၀၀) ကျပ်ဖြင့်အွန်လိုင်းမှ ပြန်လည်ဝယ်ယူနိုင်ပြီဖြစ်ရာ နေပြည်တော်နှင့်ရန်ကုန်တို့တွင် အိမ်အရောက်ဝန်ဆောင်မှုစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အောင်ဘာလေထီလက်မှတ်များကို မူရင်းဈေးနှုန်းအတိုင်း ကျပ်၂၀၀ ဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။ သို့သော်လည်း ပို့ဆောင်ခလမ်းစရိတ်အနေဖြင့် ထီလက်မှတ်တစ်စောင်ကို (၂၀) ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ အွန်လိုင်းပေါ်တွင်ဝယ်ယူရရှိနိုင်သော ထီလက်မှတ်နံပါတ်များကို ဖော်ပြပေးထားမည်ဖြစ်ပြီး Website ပေါ်တွင်ရှိသော ကြိုက်နှစ်သက်သည့် ထီလက်မှတ်နံပါတ်များကိုသာ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ ထိုသို့အွန်လိုင်းမှရောင်း ချပေးသောဝန်ဆောင်မှုကို နေပြည်တော်နှင့်ရန်ကုန်တွင်သာ ရရှိနိုင်မှာဖြစ်ပြီး ထီပေါက်စဉ်များကို Website ပေါ်တွင် တစ်နှစ်စာဖော်ပြပေးထားမည်ဖြစ်ကြောင်းသိရှိရသည်။ အွန်လိုင်းမှထီလက်မှတ်များကို ၀ယ်ယူမည်ဆိုပါက ယခင် ကလွှင့်တင်ထားသော Website မဟုတ်ဘဲ Website အသစ်ဖြစ်သည့် www.shwemyanmar-lottery.com တွင်ဝင်ရောက်ကာ ၀ယ်ယူရရှိနိုင်မှာဖြစ်ကြောင်း ကိုဇော်လွင်ဝင်းက အင်တာနက်ဂျာနယ်သို့ပြောခဲ့သည်။ “Website“ မှာဖော်ပြထားတဲ့ ကြိုက်တဲ့နံပါတ်ကို အွန်လိုင်းကနေမှာလိုက်တာနဲ့ ကျွန်တော်တို့က ဖုန်းဆက်ပြီးမှာတဲ့သူဆီကို ဆက်သွယ်လိုက်မှာပါ။ သေချာမှသွားပို့ပေးမှာဖြစ်ပါတယ်။ ထီတစ်စောင်ကို (၂၀၀) ကျပ်နဲ့ပဲ ရောင်းချပေး သွားမှာပါ။ ၀န်ဆောင်ခကိုတော့ ထီတစ်စောင် (၂၀) ကျပ်ယူမယ်။ ထီပေါက်စဉ်ကိုလည်း ထွက်တာနဲ့ Website ပေါ်ကို အမြန်ဆုံးရောက်အောင်တင်ပေးသွားမှာဖြစ်ပါတယ်။ ထီတိုက်တဲ့အခါလည်း နံပါတ်ရိုက်ထည့်ရုံနဲ့ လွယ်လွယ်ကူကူတိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နယ်ကလူတွေလည်း ထီပေါက်စဉ်ကိုအွန်လိုင်းကနေ အမြန်ဆုံးအခမဲ့ကြည့်လို့ရမှာဖြစ်ပါတယ်” ဟု ရှင်းပြခဲ့သည်။ ကိုးကား။ ။ အင်တာနက်ဂျာနယ်
မြတ်ဆုမွန် 3 years ago
ActivityRank: 0
ကောင်းပါတယ်ဒါပေမယ့်ပုသိမ်ကမှမရတာလေဟုတ်ဘူးလား.....
ကျေနပ်အားရကြမယ်လို့ထင်ပါတယ်.......အားလုံးကိုကျေးဇူးတင်ပါသည်